About Us

ကုမ္ပ္ပဏီ သမိုင်း‌‌ကြောင်း

ကျွန်တော်များ ကို ၂၀၀၅ခုနှစ်တွင် မူဆယ်မြို့၌ ဒါရိုက်တာ အဖွဲ့၀င်(၃)ဦး၊ ၀န်ထမ်းအင်အား (၂၅)ဉီးဖြင့် စတင်ဖွဲ့စည်း တည်ထောင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းရောင်းချခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်နေ့မှ စတင်ပြီး မူဆယ်ခရိုင်အတွင်းရှိ မူဆယ်မြို့ နန့်ခမ်းမြို့နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့နယ်တို့တွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန ကိုယ်စား(Franchies) အနေဖြင့် ဓာတ်အား၀ယ်ယူ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ လိုင်းတည်ဆောက်ရေးလုပ်ငန်းများကို ယနေ့တိုင် တာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့နှင့် ငန်းဇွန်းမြို့နယ် တို့ကိုလည်း (Franchies) အနေဖြင့် မန္တလေးဓာတ်အားပေးရေး ကော်ပိုရေးရှင်းကိုယ်စား ဓာတ်အား၀ယ်ယူ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ လိုင်းတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်နေ့မှ စတင်တာ၀န်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၀ခုနှစ်၊ ဧပြီ (၁)ရက်နေ့တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ ပြန်လည်အပ်နှံခဲ့ပါသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် လျှပ်စစ်ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးနိုင်ရန်အတွက် အထောက်ကူဖြစ်သော လျှပ်စစ်ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ ဓာတ်အားလိုင်း ဆက်စပ်ပစ္စည်းများ တိုးချဲ့ဖြန့်ဖြူးနိုင်ရန်နှင့် အစိုးရတင်ဒါများ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် ကျွန်တော်များ Junction River Trading Co.,Ltd. ၏မန္တလေးရုံးနှင့် အရောင်းဆိုင်ကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်လီလက်ကား ရောင်းချလျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အစိုးရ၀န်ကြီး၎ာန များမှခေါ်ယူသော ပစ္စည်းပေးသွင်းတင်ဒါများနှင့် (ပစ္စည်း + လုပ်အား) တင်ဒါများကိုလည်း ယနေ့ထိ ၀င်ရောက်ယှဉ်ပြိုင်လုပ်ကိုင်လျက်ရှိပါသည်။